ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ငပလီကမ်းခြေရှိ ဟိုတယ် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ငပလီကမ်းခြေရှိ ဟိုတယ် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ



MNP -  ဧပြီ   ၂၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ငပလီကမ်းခြေရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား၌ ပြည်နယ်စီးပွားရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သံတွဲမြို့ ငပလီကမ်းခြေဒေသသို့ ခရီးသွားလာမှု များပြားလာသည့်အတွက် ဝမ်းသာကျေနပ်မှုရှိပါကြောင်း၊ ကမ်းခြေဒေသသာယာလှပရေးနှင့် ဟိုတယ်လုပ်ငန်းများ ဝန်ဆောင်မှုမြင့်မားလာစေရေးအတွက် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ ရှိပါက ဆွေးနွေးတင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ငပလီကမ်းဒေသရှိ ဟိုတယ်လုပ်ငန်းရှင် ဒေါ်ဥမ္မာခင်၊ ဦးတင်နိုင်ထွန်းနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှဟန်တို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ကမ်းခြေသာယာ လှပရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ငပလီကမ်းခြေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - သန့်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)