သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြု လုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြု လုပ်ဆောင်ရွက်



MNP - ဧပြီ   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီက သီပေါမြို့နယ်သံဃနာယကဆရာ တော်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ဥပတ္ထမ္ဘက အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်၍ ၂၀၂၂ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်သံပြိုင်ညီညာရွတ်၍ ညှိနှိုင်းဆွေးနွေးပွဲကိုစတင်ခဲ့ကြပြီးမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်မှအဖွင့် ဩဝါဒစကားမြွက်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်စိုးဝင်း၊မြို့နယ်သာသနာရေးဦးစီးဌာနနှင့်မြို့နယ်ဥကတ္ထမ္ဘကအဖွဲ့တို့မှ  သာသနာရေးဆိုင်ရာများကို လျှောက်ထား ခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်များအရ ၂၀၂၂ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် မေလ ၇ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပ သွားမည်ဖြစ်ကြောင်း၊၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ တွင်ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင် သံဃာတော်များနှင့်ဓမ္မာစရိယ စာအောင်သံဃာတော်များ အား စာအောင် လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းမည့် စူဠဘွဲ့ နှင်းသဘင် အခမ်းအနားကိုလည်း အဆိုပါသာသနာ့ဗိမာန်တော်၌ မေလ ၁၃ ရက်နေ့တွင် တစ်ဆက်တည်း ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲတွင်ဓမ္မာစရိယ(စာချတန်း)(၄၈)ပါး၊ ပထမကြီးတန်း(၉)ပါး၊ ပထမလတ်တန်း(၁၈)ပါး၊ ပထမငယ်တန်း(၆၃)ပါးနှင့် အခြေမူလ တန်း(၁၁၃)ပါး ၊စုစုပေါင်း (၂၅၁)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)