မြဝတီမြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - ဧပြီ   ၂၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံကိန်းမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းလွင်က မြဝတီခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လ အထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ခရိုင်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား စီမံကိန်း တာဝန်များပေးအပ်ခြင်း၊ မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မြို့နယ်အဆင့် ဌာဆိုင်ရာတာဝန်ရှိသူများအား စီမံကိန်းတာဝန်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)