MNP ၊ ဧပြီ ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်ကာလတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးဆောင်ရွက် ခြင်းကိုယနေ့ နံနက် ၈နာရီက အနောက်စုရပ်ကွက်ရှိ မြို့အဝင်/အထွက်လမ်းဆုံ၌ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီးဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အနောက်စုရပ်ကွက် မြို့အဝင်/အထွက်လမ်းဆုံ နှင့်ကျွန်းပတ်လမ်း တစ်လျှောက် ဖြတ်သန်းမောင်းနှင်နေသည့်အနှေးယာဉ်မောင်းနှင်သူများ၊ အငှားယာဉ်မောင်းနှင် သူများနှင့် ကား၊ဆိုင်ကယ်စသည့် မော်တော်ယာဉ်မောင်းများကို စစ်ဆေးပေး၍ နှစ်ဘီးဆိုင်ကယ်မောင်းနှင်သူများအား အရည်အသွေးမြင့်သော ဆိုင်ကယ်ဦးထုပ်များ သေချာစွာတပ်ဆင်မောင်းနှင် ကြရန်၊ နှစ်ဦးထက်ပို၍ သယ်ဆောင်မောင်းနှင်ခြင်းမပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါ မောင်းနှင် ကြရန်၊ ဆိုင်ကယ်အား စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုကြရန်၊ ယာဉ်ကြော ပိတ်ဆို့ မှုမဖြစ်စေရန် စနစ်တကျမောင်းနှင်ကြရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက်လေးထားဆောင်ရွက်ကြရန်စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကိုအသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - သိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment