လပွတ္တာမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ဆန်း(၁) ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ဆန်း(၁) ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ




MNP - ဧပြီ    ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ဆန်း(၁)ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ရဲတံခွန်ခန်းမရှေ့မှ စတင်၍ မြို့နယ်တွင်း လှည့်လည်အလှူခံကြွချီကြောင်း သိရှိရသည်။

ဆွမ်းဆန်စိမ်းအလှူခံကြွချီရာတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် (၄၉၉)ပါးနှင့် သီလရှင်(၇၁)ပါးတို့ အလှူခံကြွရောက်တော်မူခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မြို့သူ၊ မြို့သားများက စေတနာ သဒ္ဓါတရားထက်သန်စွာ စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်၊၊

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)