MNP ၊ ဧပြီ ၁၈
ယနေ့ နံနက်ပိုင်းက ဒဂုံတောင်မြို့နယ်၊ (၁၉)ရပ်ကွက်၊ မောင်းမကန်လမ်း၊ ကမ္ဘာရတနာ့ဘဏ် (မောင်းမကန်ဘဏ်ခွဲ)ရှေ့တွင် ဘဏ်မန်နေဂျာ ဦးစောမိုးဝင်း အား သေနတ်ဖြင့် ပစ်ခတ်သွားသည့် ဓားပြများ၏ ကားကို ၀၉ ၀၀ ချိန် ဒဂုံဆိပ်ကမ်း ၆၁ ရပ်ကွက် ရတနာလမ်းနှင့် ဧရာဝဏ်လမ်းသွယ်ထောင့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒဂုံတောင်ပစ်ခတ်မှုဖြစ်စဉ်မှ ယာဉ်အမှတ် YGN 2F 8179 ဟွန်ဒါဖစ် ခဲရောင်ယာဉ်အားရပ်တန့်ထားသဖြင့် လခရ တပ်ဖွဲ့ဝင်များမှ စိစစ်ခဲ့ရာ ကားအတွင်း အဝတ်အစားတချို့သာတွေ့ရှိပြီး အခြားပစ္စည်းများမပါဝင်ကြောင်း ကားမှာ လိုင်စင်မရှိ without ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် သိမ်းဆည်းထားကြောင်း သိရသည်။
ဒဂုံတောင်မြို့နယ်၊ (၁၉)ရပ်ကွက်၊ မောင်းမကန်လမ်း၊ ကမ္ဘာရတနာ့ဘဏ် (မောင်းမကန်ဘဏ်ခွဲ)ရှေ့တွင် ဘဏ်မန်နေဂျာ ဦးစောမိုးဝင်း၊ ၄၈ နှစ် ၊(ဘ)ဦးစောသိန်းဝင်း၊ (အမှတ်- ၁၂/ ၁၀၆၊ အေးရိပ်မွန်- ၄ လမ်း၊ (၁၃) ရပ်ကွက်၊ လှိုင်မြို့နယ်)သည် 5N- 7710 မစ်ဆူဘီရှီယာဉ်ဖြင့် ဘဏ်ဖွင့်လှစ်ရန် ဘဏ်အရှေ့သို့ ရောက်ရှိပြီး ကားအပေါ်မှအဆင်းတွင် နောက်မှ လိုက်ပါလာသည့် Honda Fit ခဲရောင်ယာဉ် (စိစစ်ဆဲ)ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးစောမိုးဝင်း ၌ ဝမ်းဗိုက်ယာဘက် ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရသည်။
လုံခြုံရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ THAI ARMS 380 AUTO ကျည်ခွံ ၁ ခုနှင့် ကျည် ၁ တောင့် တွေ့ရှိခဲ့ကြောင်း၊ တရားခံဖမ်းဆီးရမိရေး ပိတ်ဆို့ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment