MNP - ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်ရှိ အိမ်မဲမြို့တည် သမိုင်းဝင်ဆုတောင်းပြည့် ရှင်ပင်ချမ်းသာကြီးဘုရားရှေ့ ကရဝိတ်ဖောင်တော်ရင်ပြင်မှ အိမ်မဲ ချောင်းအတွင်းသို့ ယမန်နေ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့ နံနက် ၈ နာရီတွင် ထိုင်ဝမ်ငါးခုံးမနှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကို ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲကို အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ထိုင်ဝမ်ငါးခုံးမနှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)ကို ဇီဝိတဒါနငါးလွှတ်ပွဲအဖြင့် အိမ်မဲချောင်းအတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment