တွံတေးတူးမြောင်းအတွင်းသို့ ဇီဝိတဒါန ငါးလွှတ်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးတူးမြောင်းအတွင်းသို့ ဇီဝိတဒါန ငါးလွှတ်ပွဲ ပြုလုပ်



MNP - ဧပြီ    ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် နှစ်သစ်အခါသမယ ယနေ့သည် မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်နှင့်အညီ တွံတေး တူးမြောင်းအတွင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တွံတေးတူးမြောင်း အတွင်းသို့ ငါးလွှတ်ပွဲကို ယမန်နေ့နံနက် ၇နာရီ မိနစ် ၃၀က ဧရာဝတီ သင်္ဘောဆိပ်၊ ဆိပ်ခံဗောတံတား၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးဇာနည်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တွံတေးငါးလုပ်ငန်း စခန်းမှ စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက တွံတေးတူးမြောင်း အတွင်းသို့ ငါးခုမ်းမကြီးကောင်ရေ (၁၅၀၀၀၀) ကို ကုသိုလ်ပြု ဇီဝိတဒါနအဖြစ် ငါးများ လွှတ်ပေးခဲ့ကြောင်း သိရသည်။

သတင်း - တွံတေးသား

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)