သမိုင်းဝင်ကျိုက္ကလော့စေတီတော်၌ ငါးသားပေါက်ကောင်ရေ လေးသောင်းအား ဇီဝိတဒါနသက်ကယ်ဘေးမဲ့လွှတ်ေပး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမိုင်းဝင်ကျိုက္ကလော့စေတီတော်၌ ငါးသားပေါက်ကောင်ရေ လေးသောင်းအား ဇီဝိတဒါနသက်ကယ်ဘေးမဲ့လွှတ်ေပး




MNP - ဧပြီ    ၁၈

၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်အခါ သမယတွင် သတ္တဝါများ ဇီဝိတ အသက်ချမ်းသာ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ သမိုင်းဝင်ကျိုက္ကလော့ စေတီတော်မြတ်ကြီး၏ ကျိုက္ကလော့ကန်တော် မင်္ဂလာတွင် ငါးသားပေါက်ကောင်ရေ လေးသောင်းကို ဇီဝိတဒါန သက်ကယ်ငါးလွှတ်ပေးခဲ့ကြကြောင်း စေတီတော်မြတ်ကြီး၏ ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဇီဝိတဒါန သက်ကယ်ငါးလွှတ်ပွဲကို သမိုင်းဝင်ကျိုက္ကလော့ စေတီတော်မြတ်ကြီး၏ ဘုရားဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ (၂၃)ကြိမ်မြောက် ကျင်းပ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သလို ငါးလွှတ်ပွဲသို့ တက်ရောက်လာကြသူများကိုလည်း အလှူရှင်များ စုပေါင်းကာ အဟာရစတုဒီသာ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းလည်း သိရသည်။

ဇီဝိတဒါန သက်ကယ်ငါးလွှတ်ပွဲသို့ တက်ရောက်လာကြသည့် ဘုရားဂေါပက အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည်သည့်များက စေတီတော်မြတ်ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြကာ ကျိုက္ကလော့ကန်တော် မင်္ဂလာတွင် ငါးကြင်းရွှေဝါနှင့် ဇလားဘီးယား ငါးသားပေါက်ကောင်ရေလေးသောင်းတို့ကို ဇီဝိတဒါန သက်ကယ်ငါးလွှတ်ပေးခဲ့ကြကြောင်း သိရပြီး ဘုရားဖူးလာပြည်သူများမှလည်း ငါးသားပေါက်များကို ဇီဝိတဒါနအဖြစ် ထပ်မံ၍ လွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ဆုလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)