ရန်ကင်းမြို့နယ် အထက(၁) စာဖြေဌာနသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လာရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းမြို့နယ် အထက(၁) စာဖြေဌာနသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လာရောက်ကြည့်ရှု





MNP - ဧပြီ    ၄

ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်(၄)ရပ်ကွက် အထက(၁) စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီ က ဓာတုဗေဒ ဘာသာရပ်အား ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့်အတူ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်နှင့် ဌာနဆိုင်ရာများလိုက်ပါ၍ စာမေးပွဲဖြေဆိုနေသော ကျောင်းသားကျောင်းသူများအား အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - အိရွှေစင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)