MNP - ဧပြီ ၄
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ လုပ်ငန်းလိုအပ်ချက်အရသွားလာနေကြသည့် မိဘပြည် သူများအနေဖြင့် နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ၊ မပါစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တံတားဦး-မြို့သာ ကာလမ်း အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ BOC ဆီဆိုင်အနီးတွင် စစ်ဆေး ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးတင်သန့်ဆွေနှင့် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်အရသွားလာနေကြသည့် မိဘပြည်သူများ အနေဖြင့် ခရီးသွားရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာများတွင်လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသည့် နိုင်ငံသားကတ် (မှတ်ပုံတင်)မပါရှိဘဲ ခရီးသွားခြင်းကို ခွင့်ပြုတော့မည်မဟုတ်သဖြင့် ခရီးသွား ပြည်သူများအားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ၊ မပါ စစ်ဆေးခြင်းဖြစ်ကြောင်း၊ တံတားဦး-မြို့သာ ကာလမ်းအမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ BOC ဆီဆိုင်အနီးမှ ဝင်ရောက်လာသည့် ခရီးသည်များအားလုံး၊ ယာဉ်ပေါ်မှပါရှိသူခရီးသွားများလုံး မိမိတို့၏ နိုင်ငံသားကတ်(မှတ်ပုံတင်)များကိုပြသစေပြီး ဘယ်သွားသွားဘယ်လာလာ နိုင်ငံသားကတ် (မှတ်ပုံတင်) ယူဆောင်သွားဖို့ မမေ့ကြရန် ခရီးသွားပြည်သူများ မှာကြားစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment