နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄) မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်းပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄) မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်းပို့ချ



‌MNP - ဧပြီ    ၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား  ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းပို့ချခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူက နိုင်ငံသားနံပါတ်မှန်ကန်ရေး အတွက် နိုင်(၄) ဇယားကွက်(၁၃) မျိုးရိုက်ပုံရိုက်နည်းများ၊ Electrical Identify document ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်မျိုးသီတာဇော် (အငယ်တန်းစာရေး) မှ အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ လူမျိုး၊ ဘာသာ၊ အဘ၏အမည် နိုင်ငံသားအမျိုးအစားနှင့် လက်မှတ်အမှတ်၊ အမိ၏အမည် နိုင်ငံသားအမျိုးအစားနှင့် လက်မှတ်အမှတ်၊ မိဘ၏အလုပ်အကိုင်၊ မိဘ၏နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးလက်မှတ် အမှတ်နှင့် ထုတ်ပေးရက်စွဲ၊ အသက် ၁၈နှစ်ပြည့်မည့် ရက်စွဲ စသည့် နိုင်(၄) ပါ အကြောင်းအရာ မှတ်တမ်းများအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများအား လက်တွေ့သင်ကြား ပို့ချပေးကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ၄၅ ရက်ကြာ သင်တန်းပို့ချပေးမှာဖြစ်ပြီး ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်းပို့ချခြင်း သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠ ဦးစိုးသိန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သန်းဇော်လင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦမင်းသူတို့မှ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - စည်သူလင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)