MNP - ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများ၌ မဟာသင်္ကြန်နှစ်ကူးကာလ နံနက်ပိုင်းအချိန်မှစ၍ အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဥက္ကလာပစေတီ၊ ခုနစ်ဆူဘုရား၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အလိုက် ဓမ္မာရုံများသို့ သက်ကြီးရွယ်အို အဘိုး/အဘွားများနှင့် ဒေသခံပြည်သူများမှ သွားရောက်ပြီး သင်္ကြန်ကာလ အခါသမယ၌ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်း တရားစီးဖြန်းခြင်းများအား စိတ်အေးချမ်း သာယာစွာ ကောင်းမှုကုသိုလ်ပွားများ အားထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း - ထက်ထက်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment