မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မကွေးလေတပ်စခန်းဌာနချုပ် မြန်မာ့ရိုးရာ မိသားစုနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မကွေးလေတပ်စခန်းဌာနချုပ် မြန်မာ့ရိုးရာ မိသားစုနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲတက်ရောက်




MNP ၊ ဧပြီ ၁၅

မြန်မာတို့၏ (၁၂)လရာသီ ပွဲတော်မှာ ပထမဦးဆုံး နှစ်ကူးလ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ကာလမှာ သင်္ကြန်ရေးအေးနဲ့ နှစ်ဟောင်းမှ မကောင်းသော အညစ်အကြေးများကို ဆေးကြောသန့်စင် ပြီး စိတ်သစ်လူသစ်ဖြင့် တိုးတက်မှုအပေါင်း ဆောင်ယူနိုင်စေရန် ရည်ရွယ်ကျင်းပသည့် ၁၃၈၃ ခုနှစ် မြန်မာရိုးရာ ယဉ်‌ကျေးမှု အတာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မြန်မာ့ရိုးရာမိသားစု နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်ခဲ့ပြီး မကွေးမြို့ကမ်းနားလမ်းရှိ ရေကစားမဏ္ဍပ်များသို့ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ထိုသို့ကြည့်ရှုအားပေးရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် မကွေးလေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းတို့က မကွေးလေတပ်စခန်းဌာနချုပ် မြန်မာ့ရိုးရာ မိသားစုနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးလေတပ်စခန်းဌာနချုပ် ကိုယ်စားပြုယိမ်းအဖွဲ့များမှ “မြူမှောင်ဝေကင်း” သီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ယိမ်းအဖွဲ့ဝင်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးမြို့ ကမ်းနားလမ်းရှိတရားလွှတ်တော်၊ ဥပဒေချုပ်ရုံး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ စီးပွားရေးရာဝန်ကြီးဌာနမဏ္ဍပ်နှင့် လူမှုရေးဝန်ကြီးဌာန မဏ္ဍပ်တို့ရောက်ရှိရာ ယိမ်းအက အဖွဲ့ဝင် များက မြန်မာ့ရိုးရာသင်္ကြန်သီချင်းများဖြင့် ကပြ‌ဖျော်ဖြေတင်ဆက်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ယိမ်းအဖွဲ့ဝင်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးခဲ့သည်။ မကွေးမြို့ကမ်းနားလမ်းရှိ ဝန်ကြီးဌာနရေကစားမဏ္ဍပ်အသီးသီးတွင် ပျော်ရွှင်စွာ ရေကစားလာပြည်သူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီးတွင် ၁၃၈၃ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ ကမ်းနား လမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာန မဏ္ဍပ် (၆)ခု၊ စုစုပေါင်း မဏ္ဍပ် (၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး သင်္ကြန်အတက်နေ့တွင် ပြိုင်ပွဲဝင် ယိမ်းအကအလှ အဖွဲ့များအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့နှစ်ဆန်း (၁) ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ် ခြင်း၊ သက်ကြီးဘိုးဘွားများကို ပူဇော်ကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် ပရိတ်တရားတော်များကို ရွတ်ဖတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)