တပ်ကုန်းမြို့နယ်၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့နယ်၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေး



MNP - ဧပြီ   ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်တွင်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍  မြို့နယ်အတွင်းရှိ  စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပေးလျက်ရှိရာ စာရေးဆရာမ  ခင်စောတင့် ရေးသားထားသည့် “နေ့စဉ်ကျန်းမာရွှင်လန်းစေဖို့ အကြံပေးစကားများ” စာအုပ်ကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဒေါ်တင့်တင့်ခိုင်၊ ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book  Club) အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင် - တပ်ကုန်း)၊ ဆရာမ ဒေါ်မြသန္တာတို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာမ  ခင်စောတင့်ရေးသားထားသည့် “နေ့စဉ်ကျန်းမာရွှင်လန်းစေဖို့ အကြံပေးစကားများ” စာအုပ်တွင် ပါရှိသော သင့်ရဲ့ကျန်းမာချမ်းသာရေးအတွက် သင်သာသခင် ဖြစ်ပါစေ၊ မြင်ကွင်းရှိသော အခန်းကိုရယူပါ၊ သင့်စိတ်ကို နုပျိုအောင်ထားပါ၊ သတိရှိရှိစားသောက်ပါလျော့ပြီးစားပါ၊ ဝါသနာများကို မိတ်ဆွေတွေနဲ့ အတူ ကျင့်သုံးခြင်းက စိတ်ဓာတ်မြင့်တက်ခြင်းကိုရပါတယ်၊ ငြိမ်းအေးခြင်းကို ရရှိဖို့နည်း ပညာကို ပိတ်ထားလိုက်ပါ၊ စိတ်တည်ငြိမ်အေးချမ်းရှိနေဖို့ ဦးနှောက်ကိုလေ့ကျင့်ပေးပါ စသည့် ခေါင်းစဉ် များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)