အလုံမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး





MNP -  ဧပြီ   ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးသို့ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့များတက်ရောက်ပြီး ဧပြီလ ၃၀ ရက်နေ့တွင်  စမ်းချောင်းမြို့နယ်တွင် ကျင်းပပြုလုပ်မည့် ဓမ္မစာရိယ စာမေးပွဲနှင့် အလုံမြို့နယ်တွင် ကျင်းပမည့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများ ၊ လျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့သည်။

ပါဠိပထမပြန်စာမေးပွဲကို မေလ ၇ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်တင်ချို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)