ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၏ (၂၆)ကြိမ်မြောက် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၏ (၂၆)ကြိမ်မြောက် ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

 


MNP - ဧပြီ    ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာ ဒေါ်အေးခိုင်ညွန့်တို့အား အမှူးထားလျက် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းနှင့်ဇနီး ဒေါ်သက်နွေဦး တို့မှ ကြီးမှူး၍  ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ရဟန်းခံ၊ ရှင်ပြု၊ သိက္ခာထပ်၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီ အချိန်မှစ၍ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာအမှန် မြတ်နိဗ္ဗာန်ကိုရည်စူး၍ ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ဒုလ္လဘရဟန်းလောင်း (၅၁)ပါး၊ ရှင်သာမဏေ လောင်း (၁၈)ပါးနှင့် သမီးရတနာ (၉)ဦးတို့အား ယမန်နေ့ ညနေ့ ၄ နာရီအချိန်တွင် ဆံချ ပရိတ်တရားတော်နာပြီး ယနေ့နံနက် ၈ နာရီအချိန်တွင် သိမ်ဆင်းလောင်းလှူကာ နံနက် ၉:၃၀ အချိန်တွင် ရေစက်ချတရားတော် နာယူခဲ့ကြကြောင်း သိရသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အားနေ့လည်ဆွမ်းနှင့် ဒါတဗ္ဗဝတ္တုအစုစုတို့ကို ဆပ်ကပ် လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

သတင်း - လှိုင်မျိုးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)