ပုဏ္ဏားကျွန်းမြို့၌ (ဒုတိယ)အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ (ဒုတိယ)အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကျင်းပ




MNP - ဧပြီ    ၁၂

ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်များအသင်း PNG Development You Organization (PDYO)မှ ကြီးမှူး၍ (ဒုတိယ)အကြိမ်မြောက် ရခိုင်ရိုးရာ နံသာသွေးပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ပြိုင်ပွဲအခမ်းအနားကို ရက္ခိတ ရခိုင့်မင်္ဂလာစည်တော်များ သံပြိုင်တီးခတ်လျက်နံ့သာ သွေးပြိုင်ပွဲ ရတုတေးဖြင့် သီဆိုဖွင့်လှစ်ကာ ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ကိုအောင်သန်းက  ရခိုင်ရိုးရာ နံ့သာ သွေးပြိင်ပွဲကျင်းပရခြင်း၏  ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အသင်း ၁၂  သင်း  ပါဝင် ယှဉ်ပြိုင်ကြရာ ရခိုင်ရိုးရာသင်္ကြန် ယိန်းအကများဖြင့် သီဆိုဖျော်ဖြေပေးကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲဝင်အသင်းများအနေဖြင့် နံ့သာသွေးပြိုင်ဝင်အသင်း တစ်သင်းလျှင် ကြီးကြပ်သူနှစ်ဦး၊ အသင်း ခေါင်းဆောင်တစ်ဦး၊ ပြိုင်ပွဲဝင်အသင်းနှင့် သက်ဆိုင်သည့် ရပ်မိရပ်ဖအနေဖြင့် ၁ ဦး၊ ပြိုင်ပွဲဝင် (၁၀)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး တူညီဝတ်စုံဝတ်ဆင်ခြင်း၊ အရွယ်တူညီမှုရှိခြင်း၊ သပ်ရပ်မှုရှိခြင်း၊ တာထွက်မှန်ကန်မှု၊ အသင်းလိုက်တက်ကြွမှုနှင့် နံ့သာအရည်အသွေး အနစ်ပမာဏ အများဆုံး ရရှိမှုအပေါ်တွင် အမှတ်ပေးမည်ဖြစ်ကြောင်း နံ့သာသွေးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းအဖွဲ့၊ ဒိုင်ချုပ် ဦးဝင်းရွှေခိုင်က ပြောသည်။

ဆက်လက်၍ ယနေ့ ညနေ့(၃)နာရီတွင် လောကမာရဇိန်ဘုရားကြီးသိမ်တော်မှ မြို့မ ဧစေတီ ဘုရားဓမ္မာရုံသို့ ဘုရားရေသပ္ပာယ်ပူဇော်ရန် မြို့တွင်းတစ်ပတ် စီတန်းလှည့်လည်ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ပထမဆုငွေ ကျပ်သုံးသိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်း၊ တတိယဆုငွေ ကျပ်တစ်သိန်း၊ နှစ်သိမ့်ဆု ငွေကျပ်ငါးသောင်းနှင့် ဝတ်စားဆင်ယင်မှု အလှဆုံးအသင်းကို ငွေကျပ် ငါးသောင်းစီချီးမြှင့်ပေးမည်ဖြစ်ပြီး၊ ပြိုင်ပွဲနှင့် ပတ်သက်၍ ရိုက်ကူးထားသော ဓာတ်ပုံ အကောင်းဆုံးကို ကျပ်ငွေငါးသောင်း ချီးမြှင့်ပေးသွားမည်ဟု နံ့သာသွေးပြိုင်ပွဲကျင်းပရေး ကော်မတီ ထံမှ သိရသည်။

သတင်း - နီထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)