ဝိုင်းမော်မြို့နယ်ရှိ တိုင်းဆာရှမ်းမျိုးနွယ်စု မိသားစုများက နှစ်ဆန်း(၁)ရက်နေ့ ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်ရှိ တိုင်းဆာရှမ်းမျိုးနွယ်စု မိသားစုများက နှစ်ဆန်း(၁)ရက်နေ့ ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကျင်းပ




MNP - ဧပြီ   ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုင်းဆာ(ခ) မိုင်းသာရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီက ကြီးမှူးကျင်းပသည့် တိုင်းဆာရှမ်းမျိုးနွယ်စု မိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဆန်း (၁)ရက်နေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည် ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားပူဇော် ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ ယင်းကော်မတီရုံး၌ ကျင်းပပြုလုပ်သည်။

တိုင်းဆာရှမ်းမျိုးနွယ်စု မိသားစုများ၏ ရိုးရာမြီးရှည် ဆွမ်းဆက်ကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တက်ရောက်အားပေးခဲ့ကြပြီး တိုင်းဆာစာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် ၅ သိန်း၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ် ၅ သိန်းနှင့် ပြည်နယ်ဥပဒေချုပ်က ငွေကျပ် (၁)သိန်းကျော်တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ တိုင်းဆာရှမ်းရိုးရာ မြီးရှည်ဆွမ်းကပ်လှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်ချမ်းသာကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်/ သံဃာတော် အရှင်သူမြတ်များအား ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဆာရှမ်းမျိုးနွယ်စု မိသားစုများက လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြကာ တိုင်းဆာရှမ်းရိုးရာမြီးရှည် ဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သက်ကြီးဘိုး/ဘွား ပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပရာ ဘိုးဘွား ၂၃ ဦးတို့အား အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားများဖြင့် ဂါဝရပြုပူဇော် ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)