MNP - ဧပြီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူးဒေါ်သန္တာလင်းမှ ပြိုပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာ၌ " လူငယ်များအား စိတ်ကူးစိတ်သန်းများကောင်းမွန်စေရန်၊ စိတ်ဖိစီးမှုကိုလျော့ကျစေရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ထက်မြက်စေရန်၊ ဖြတ်ထိုးဉာဏ်ကောင်းစေရန်" ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ထိုနောက် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသသည့် စာအုပ်စာဆောင်များအား ပြိုင်ပွဲသို့ လာရောက်သည့် လူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးရေးအတွက် သင်တန်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် ဟောပြောပွဲများ စသည့် အသိပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မျိုးသီဟ
မြန်မာနေရှင်န်ယပို့စ်
No comments:
Post a Comment