ထားဝယ်မြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကို အေးချမ်းပျှော်ရွှင်စွာ ပါဝင်ဆင်နွှဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကို အေးချမ်းပျှော်ရွှင်စွာ ပါဝင်ဆင်နွှဲ













MNP ၊ ဧပြီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကိုအေးချမ်း ပျှော်ရွှင်စွာဖြင့် ဒေသအတွင်းမှပြည်သူများပါဝင်ဆင်နွှဲလျက်ရှိပြီး ယနေ့သင်္ကြန်အကျနေ့နံနက်ပိုင်း တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပ သည့်ဌာနဆိုင်ရာသင်္ကြန်မဏ္ဍပ်များတွင်သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှု များ အပြင်၊ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးမှုများနှင့်စည်းကားလျက်ရှိသည်။


ထိုသို့ထားဝယ်မြို့ ၊ မြို့တော်ခန်းမရှေ့၊ဗဟိုမဏ္ဍပ် နှင့် ရွှေဝယ်ပိတောက်မဟာသင်္ကြန်မဏ္ဍပ် များတွင် သင်္ကြန်ယိမ်း အဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ဧည့်ခံဖျော်ဖြေနေမှုများနှင့်ရေကစားမဏ္ဍပ်များဖြင့်အေးချမ်းပျှော်ရွှင်စွာရေကစား နေမှု များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး နှင့်တာဝန်ရှိသူများ က လှည့်လည်ကြည်ရှု့အားပေးပြီးဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။


ထားဝယ်မြို့တွင်ကျင်းပသည့်နှစ်သစ်ကူးပွဲတော်သို့ဒေသခံပြည်သူများအေးချမ်းပျှော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲ တော်ကိုပါဝင်ဆင်နွဲလျက်ရှိကြောင်းသိရှိရပြီးမဏ္ဍပ်များသို့မြို့ပေါ်ရပ်ကွက်များနှင့်အမြို့မြို့ အနယ် နယ် မှ ဝါသနာရှင် များ က အေးချမ်းပျှော်ရွှင်စွာဖြင့်လာရောက်ကြည့်ရှု့အားပေးကြခဲ့ကြောင်းသိရသည်။


ရုံးပိတ်ရက်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ ၊ မိသားစု အလိုက် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များဖြင့်မြို့ပေါ်သင်္ကြန်မဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များသို့သွားရောက်လည်ပတ် သင်္ကြန် ရေပက်ခံ ထွက်ကြပြီး အများပြည်သူရုံးပိတ်ရက်များတွင်နိုင်ငံ့ဝန်ထမ်းများနှင့်ကုမ္ပဏီဝန်ထမ်းတစ်ချို့ကလည်း မိမိတို့ကြိုတင်စီစဉ်ထားသော ရပ်နီး ရပ်နီးရပ်ဝေး ဘုရားဖူးသွားပြီး ၊  ဒေသန္တရ ဗဟုသုတများကို ရှာဖွေခဲ့ ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)