ဆီမုံညှင်း၊ ပန်းနှမ်းများ နေရာတွင်အထွက်နှုန်းကောင်းမွန်သော ကနိုလာဆီမုံညှင်းများ တိုးချဲ့စိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီမုံညှင်း၊ ပန်းနှမ်းများ နေရာတွင်အထွက်နှုန်းကောင်းမွန်သော ကနိုလာဆီမုံညှင်းများ တိုးချဲ့စိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦး မှာကြား



MNP ၊ ဧပြီ ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့ရှိ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန များ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လားရှိုးမြို့နယ် မန်ပျဉ်ကျေးရွာရှိစိုက်ပျိုးရေး သိပ္ပံကျောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးကောလိပ်အဖြစ် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ပါကြောင်း၊ ထိုသို့ ဖွင့်လှစ်နိုင်ရန် စနစ်ကျသည့် landscape ဖြင့် လယ်၊ ယာ၊ ဥယျာဉ်ခြံများ စိုက်ပျိုးနိုင်ရန်၊ ရေရရှိရေးစနစ်များနှင့် တိရစ္ဆာန်မွေးမြူရေးစနစ်များ၊ အဆောက်အဦ ဒီဇိုင်းများတွင် ဆိုလာများတပ်ဆင်နိုင်ရေး အသုံးပြုနိုင် ရန်၊ သဘာဝမြေဩဇာထုတ်လုပ်ရေးစနစ်များ စနစ်တကျ ရေးဆွဲရန်နှင့် အဆင့်မီပြီး ဒေသအတွင်း စံပြဖြစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဆောင်ရွက်နေသော စိုက်ပျိုးရေးလုပ်ငန်းများနှင့်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်ကောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ရေရရှိရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး အတွက် လယ်စပါး၊ ယာစပါးများတွင် အထွက်ကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးရေး၊ ကောက်ညှင်းစပါး မျိုးသန့်များ တိုးချဲ့စိုက်ပျိုးရေးနှင့် ဒေသအတွင်း ဆီဖူလုံရေးအတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ဒေသအတွင်း စိုက်ပျိုးထားသော ဆီမုံညှင်း၊ ပန်းနှမ်းများ နေရာတွင်အထွက်နှုန်းကောင်းမွန်သော ကနိုလာဆီမုံညှင်းများ တိုးချဲ့စိုက်ပျိုးရေးတို့ကို ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လားရှိုးမြို့ပြည်သူများ သောက်သုံးရေ ဖူလုံစေရေး စီမံထားရှိ သည့် နမ့်ကျန်ရေလှောင်တမံအား ရေပိုမိုလှောင်နိုင်ရန် တာတမံနှင့် ရေပိုလွှဲမြှင့်တင်ခြင်း လုပ်ငန်းများ ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စနစ်တကျ လုပ်ဆောင်နိုင်ရေး အထူးမှာကြားကာ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)