MNP - ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ ပူးပေါင်းအစီ အစဉ်ဖြင့် လင်းခေးမြို့၊ မြို့အဝင်အထွက်ဂိတ်တွင် ယနေ့နံနက် ၆နာရီအချိန်မှ စတင်၍ ခရီးသွား ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ပါရှိမရှိ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ အများပြည်သူတို့ ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မပါရှိပဲ ခရီးသွားလာခြင်းကို ခွင့်မပြုတော့သောကြောင့် (၁-၄-၂၀၂၂) ရက်နေ့မှ စတင်ကာ ယခုကဲ့သို့ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူများထံမှ သိရပါသည်။
ထိုသို့စစ်ဆေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ လဝကဝန်ထမ်းများက မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အတူတကွ မြို့အဝင်အထွက်ဂိတ်သို့ ရောက်ရှိလာကြသော ခရီးသွားပြည်သူများအား လုံးအား နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) များကို ပြသ စေပြီး အသက်(၁၀) နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေး သူများ "ပန်းခင်း"စီမံချက် ကာလအတွင်း အပြီးတိုင် ပြုလုပ်သွားနိုင်ရေး၊ ခရီးသွား လာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပါရှိမှသာ နေထိုင်သွားလာခွင့် ရရှိမည် ဖြစ်ကြောင်းနှင့် "ဘယ်သွားသွား မှတ်ပုံတင်ကတ်ယူဆောင်သွားဖို့မမေ့ကြရန်" ခရီးသွား ပြည်သူများအား အသိပညာပေးဟော ပြောပေးခြင်းနှင့် ကတ်ပြားများ ပါမပါ စစ်ဆေးလျက် ရှိပါသည်။
၎င်းပူးပေါင်းအဖွဲ့သည် ၁-၄- ၂၀၂၂ရက်နေ့က မော်တော်ယာဉ် (၁၅)စီး၊ ခရီးသည် (၅၄)ဦး တို့ကို စစ်ဆေးနိုင်ခဲ့ကြပြီး ၂-၄-၂၀၂၂ ရက်နေ့တွင် မော်တော်ယာဉ်(၁၁) စီး ခရီးသွားလာ ပြည်သူ(၃၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါရှိမရှိ စစ်ဆေးဆောင်ရွက် နိုင်ခဲ့ ကြောင်း မြို့နယ်လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
သတင်း - စိုင်းဇော်လတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment