ပင်းတယမြို့နယ်၌ အားကစားနှင့် ကာယပညာ(သိပ္ပံ)တောင်ကြီးမြို့ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အတွက် ကျောင်းသား/သူသစ်များအား ရွေးချယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့နယ်၌ အားကစားနှင့် ကာယပညာ(သိပ္ပံ)တောင်ကြီးမြို့ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အတွက် ကျောင်းသား/သူသစ်များအား ရွေးချယ်




MNP - ဧပြီ   ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အားကစားနှင့်ကာယ ပညာ(သိပ္ပံ) တောင်ကြီးမြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား/သူသစ်များအား စိစစ်ရွေးချယ်ခြင်းကို ပင်းတယမြို့နယ် အားကစားကွင်းတွင် ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က  ပြုလုပ်ခဲ့သည်။

အဆိုပါ စိစစ်ရွေးချယ်ခြင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး၊ အားကစားမှူး ဦးမြင့်ဌေး ဦးဆောင်သော စိစစ်ရွေးချယ်ရေးအဖွဲ့နှင့် ပင်းတယမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှပူးပေါင်း၍  ကိုယ်ကာယ ကျန်းမာ သန်စွမ်းပြီး၊ အားကစားပညာရပ်များတွင် ထူးချွန်သွက်လက်၊ ညဏ်ရည်ထက်သည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လာရောက်ရွေးချယ်ခံသည့် ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးတို့မှ  သတ်မှတ် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ကျား (၂)ဦးနှင့် မ (၈)ဦး စုစုပေါင်း (၁၀)ဦးတို့အား ပဏမအနေဖြင့် စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။

သတင်း - ပင်းတယ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)