ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ အားကစားနှင့် လူငယ်ကဏ္ဍဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ အားကစားနှင့် လူငယ်ကဏ္ဍဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်






MNP - ဧပြီ   ၂၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အားကစားနှင့် လူငယ်ကဏ္ဍဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က နောင်တောင်းပရဟိတတပ်‌ဦးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်က အဖွင့် အမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်လွင်က ကျောင်းသား/သူများအား နွေရာသီအားလပ်ရက်တွင်  စာပေဗဟုသုတများကို လေ့လာမှတ်သားသင့်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဝင်းခိုင်ဦးမှ အားကစားဆိုသည်မှာ အင်အားနှင့် ဉာဏ်ရည်ကို အသုံးပြုရသည့် အားကစား နည်းဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအတွက် နည်းညာဗဟုသုတရရှိရန် အားကစား နည်းပညာ ဗဟုသုတရရှိရန် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အားကစား၏ အကျိုးကျေးဇူးများကို ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဆင့်ရုံးဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးမှ လူငယ်နှင့်ရည်မှန်းချက် အကြောင်းအရာ များကို အကျယ်တဝင့်ပြောကြားပြီးနောက်  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းခိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများကိုပြောကြားပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်က နောင်တောင်းပရဟိတ တပ်ဦးကျောင်းရှိ ကျောင်းသား/ကျောင်းသူများအတွက် အားကစားပစ္စည်းများ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)