MNP - ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သောကလေးများအား မြို့နယ်ဦးစီးမှူးမှ ယမန်နေ့ မွန်းလွှဲပိုင်းက ကလေးစာဖတ်ခန်း အတွင်း ရောင်စုံစက္ကူများဖြင့် စက္ကူ အရုပ်ခေါက်နည်းများကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးစာဖတ်ခန်းအတွင်းကလေးငယ်များအား ရောင်စုံစက္ကူဖြင့် ကြာပန်းပွင့် ပြုလုပ်ခြင်းကို သင်ကြားပြသပေးပြီးကလေးငယ်များကို ကိုယ်တိုင်ပြုလုပ်ဆောင်ရွက်စေခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက် ပေးခြင်း ဖြင့်ကလေးများတီထွင်ဖန်တီးမှုစွမ်းရည် မြင့်မားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက် လာစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ပုံတူပန်းချီဆွဲ ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက် ပြိုင်ပွဲစသည့်ပြိုင်ပွဲများကိုလည်း လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment