တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပဲခူးမြို့၌ သင်္ကြန်အတတ်နေ့အား စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပဲခူးမြို့၌ သင်္ကြန်အတတ်နေ့အား စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်




MNP - ဧပြီ    ၁၆

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် သင်္ကြန်အတတ်နေ့အား ပဲခူးမြို့အတွင်း၌ ဧပြီလ ၁၆ ရက်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူ ရေကစားမဏ္ဍပ်များ၊ နေ့စဉ်စတုဒီသာမဏ္ဍပ်များဖြင့် အများပြည်သူ လုံခြုံချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဖျော်ဖြေရေး မဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး တပ်တွင်းမိသားစုများ၏ မြန်မာ့ရိုးရာ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှု အား ကြည့်ရှုအားပေးခဲ့ပကာ ဖျော်ဖြေရေးယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုငွေပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တပ်တွင်းမိသားစု ယိမ်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး အပြန်အလှန် အတာရေပတ်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး ခေတ်ပေါ် တေးဂီတ ဖြေဖျော်နေမှု၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာမဏ္ဍပ်များ၌ ကျွေးမွေးနေမှုများအား အများပြည်သူနှင့် အတူ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)