မတ္တရာမြို့နယ်၌ ပြည်သူ ၁၉၃၈၅၃ဦးအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးစီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ ပြည်သူ ၁၉၃၈၅၃ဦးအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးစီ



MNP  -  ဧပြီ   ၂၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထို့သို့ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းကာ ဧပြီလ ၂၅ ရက် နေ့အထိ နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၁၉၃၈၅၃ ဦး (၁၀၀.၆၃) ရာခိုင်နှုန်းနှင့် ထပ်ဆောင်း ကာကွယ်ဆေး Booster ထိုးနှံပြီးသူ ၄၈၁ ဦး ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးသော်လည်း ၁၅နှစ်မှ ၁၈နှစ်ထိ ကာကွယ် ဆေး မထိုးနှံရသေးသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး Boosterဆေး မထိုးနှံရသေးသူများကို မြို့နယ်ကိုဗစ်၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဆက်လက်ထိုးနှံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - စိုးကျော်သူထွေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)