MNP - ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ထိုးနှံပေးလျက်ရှိရာ၊ ယမန်နေ့ ဧပြီ ၂၅ ရက်နေ့တွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆေးထိုးနှံရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါ်(၄)ရပ်ကွက်ဖြစ်သော အောင်ဆန်း၊ တေဇ၊ ပင်လုံ၊ မြဝတီရပ်ကွက်နှင့် ပင်လုံရပ်ကွက်အတွင်းရှိ မီးလောင်ရိုးကျေးရွာ၊ လယ်တီကုန်းကျေးရွာတို့မှ ကိုယ်ဝန်ဆောင်မိခင် (၂၅)ဦး၊ နို့တိုက်မိခင် (၁၃၅)ဦး စုစုပေါင်း (၁၆၀)ဦးအား ဧပြီ ၂၃ ရက်နေ့တွင် ဆေးစတင်ထိုးနှံပေးနိုင်ခဲ့ပြီး၊ ယနေ့တွင် ကိုယ်ဝန်ဆောင်မိခင် (၇)ဦးနှင့် နို့တိုက်မိခင် (၃၇)ဦး၊ စုစုပေါင်း (၄၄)ဦးတို့အား ထပ်မံ၍ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုကာကွယ်ဆေး ထိုးနှံပြီးသူများသည် မေလ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment