ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန (၁၀)ခုတွင် ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ များဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန (၁၀)ခုတွင် ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ များဖြေဆို



MNP - ဧပြီ   ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀)ခုတွင်  ယနေ့ နံနက် ၉ နာရီအချိန်က ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၁၆၈)ဦး    ဝင်ရောက် ဖြေဆိုကြသည်။

ရမ်းဗြဲမြို့နယ်အတွင်းရှိ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား/ကျောင်းသူ (၁၂၅၈)ဦး စာရင်းပေးသွင်းထားရှိခဲ့ရာ ယနေ့ဝင်ရောက်ဖြေဆိုသူ၊ ကျောင်းသား (၄၅၅)ဦး၊ ကျောင်းသူ ( ၇၁၃ ) ဦးဝင်ရောက်ဖြေဆိုကြသည့်အတွက် စုစုပေါင်းစာမေးပွဲ

ဖြေဆိုသူ (၁၁၆၈)ဦးရှိခဲ့ရာ ဖြေဆိုသူရာနှုန်း( ၉၂.၈၅ )ရှိပြီး၊  ပျက်ကွက်သူ (၉၀)ဦး ရှိသောကြောင့်   ပျက်ကွက်သူရာနှုန်း (၇.၁၅ )ရှိပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး  ကျန်းမာရေးဝန်ထမ်းများမှလည်း  ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)