ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးပြီးစီးရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးပြီးစီးရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး

 


MNP - ဧပြီ    ၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉‌ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အသက် ၁၈ နှစ်အထက် ကာကွယ် ဆေးထိုးရန် အကျုံးဝင်သူများကို ကာကွယ်ဆေးထိုးအဖွဲ့များက သင်ဆိုင်ရာနယ်မြေများအလိုက် ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ဆေးထိုးအဖွဲ့များက ရပ်ကွက်ကျေးရွာများအလိုက် ကွင်းဆင်း ထိုးနှံပေးခဲ့ရာယမန်နေ့က  မြို့နယ်ရှိရပ်ကွက်၊ ကျေးရွာအုပ်စု(၅၈)အုပ်စုအတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူ(၁၃၈၈)ဦး တို့အား ပထမအကြိမ် ကာကွယ်‌ဆေးထိုးနှံပေးခဲ့ပြီး၊ ဒုတိယအကြိမ်ထိုးနှံသူ(၁၂၁)ဦးတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း ကျန်ရှိသည့် ကျေးရွာအုပ်စုများသို့ ကာကွယ်ဆေးများ ဆက်လက်ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)