MNP - ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနက အသက်(၂)နှစ်အောက် ကလေး ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်း လုပ်ငန်းကို ယမန်နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစကလေးမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အသက်အရွယ်အလိုက် ကာကွယ်ဆေးများကို တိုက်ကျွေး/ထိုးနှံပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လစဉ် ဆောင်ရွက်ပေးနေကြရာ တာဝန်ရှိသူအသီးသီးက ကူညီဆောင်ရွက်ပေး ခဲ့ကြောင်းနှင့် ဧပြီလ ၄ ရက်နေ့ထိ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မင်းလွင်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment