MNP ၊ ဧပြီ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုက်ကာရီကရာတေးအသင်းတို့ပူးပေါင်း၍ လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက် အချိန်များကိုအကျိုးရှိစွာအသုံးချတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံ ဟိုက်ကာရီကရာတေးဒို သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင်ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းတွင်လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနာဂတ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့် ကောင်းမွန်သော အနာဂတ်တွင် တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်စေရန်၊ အားကစားအပေါ် စိတ်ပါဝင်စားလာခြင်း၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေခြင်း၊ ကရာတေးပညာအခြေခံနည်းစနစ်များအား စနစ်တကျ တတ် မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း နည်းပြဆရာ ဦးထွန်းဝေကပြောသည်။
သင်တန်းတွင် ဟိုက်ကာရီကရာတေးဒိုအသင်းနည်းပြဦးထွန်းဝေ၊ ဦးဇော်ဇော်ဦး နှင့်ဦးစိုးမင်းအောင်တို့က သင်တန်းသား /သင်တန်းသူ(၁၅)ဦးတို့အား လက်ခံသင်ကြားပေးခြင်းဖြစ်ပြီးသင်တန်းကာလမှာ ဧပြီလ (၂၄)ရက်နေ့မှ(၂၆)ရက်နေ့ထိသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment