MNP - ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက် (၆) နာရီအချိန်မှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်ရိုးသစ် (KG)တန်းမှစ၍ (Grade-10) အတန်းအထိ (တက္ကသိုလ်ဝင်တန်း မပါ) အား ကပ်ထားကြေညာပေးထားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ စတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံမှု လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment