သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုများ(အခမဲ့) ပြန်လည် ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုများ(အခမဲ့) ပြန်လည် ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်



MNP - ဧပြီ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော် ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင် ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၄၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာလ စတင်သည့်အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်း ခဲ့ပြီး၂၀၂၂ခုနှစ်မေလ၂၄ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မေလ ၂၄ ရက်နေ့တွင် စတင်စစ်ဆေးပေးပြီး မေလ ၂၅၊၂၆၊၂၇နှင့်၂၈ရက်တို့တွင် ခွဲစိတ်ကုသ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် မေလ၂၄ရက်နေ့တွင် ကြိုတင်စာရင်းပေးသွင်း လာရောက်စမ်းသပ်ကုသနိုင်ကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော်ထံမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)