သထုံတွင် အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ နေ့စဉ် ရေဂါလံ ၂၀၀၀၀ ခန့် ရေလိုအပ်ရာ နေရာများသို့ လိုက်လံလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံတွင် အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ နေ့စဉ် ရေဂါလံ ၂၀၀၀၀ ခန့် ရေလိုအပ်ရာ နေရာများသို့ လိုက်လံလှူဒါန်း



MNP - ဧပြီ    ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ  ရေရှားပါးသည့် နေရာများကို အလှူရှင်များ ကိုယ်စား တစ်ရက်လျှင် သောက်သုံးရေဂါလံပေါင်း ၂၀၀၀၀ ဝန်းကျင်ခန့်အား နေ့စဉ် လိုက်လံလှူဒါန်း‌ပေးလျက်ရှိကြောင်း အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ သိရသည်။

"ဒီနှစ်က စက်သုံးဆီအခက်အခဲပေါ့၊ လျှပ်စစ်မီးကလည်း မမှန်တော့ ရေဖြည့်တာကအစ စက်နဲ့ မောင်းပြီးဖြည့်နေရတယ်၊ ရေလှူဖို့အတွက် အဓိကလိုတဲ့ စက်သုံးဆီကို အလှူရှင်တွေက လှူတယ်၊ အသင်းကတော့ လူအား ယာဉ်အားတွေကို စေတနာအပြည့်နဲ့ ကြိုးစားပြီး လိုက်လှူ ပေးတာပါ၊ ဒီမြို့က ရေလိုတဲ့ ဘယ်နေရာဖြစ်ဖြစ် ဖုန်းဆက်အကြောင်းကြားရင် ရောက်အောင် သွားလှူပေးတာပါဘဲ" ဟု အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

အကြင်နာတွဲလက်လူမှုကူညီရေးအသင်းအနေဖြင့် မတ်လ ဒုတိယပတ်မှစတင်ကာ သထုံမြို့နယ် အတွင်းရှိ ပိတောက်မြိုင်၊ မွန်စု၊ လိပ်အင်းကွက်သစ်၊ ကျောက်လုံးကြီး၊ ကော့သန်၊ သမီးတော်ကုန်း၊ ကန်ညီနောင်၊ ဘူတာ၊ နန်းခဲကွက်သစ်အစရှိသည့် ‌သောက်သုံးရေ အခက်အခဲ ဖြစ်ရာနေရာများရှိ ပြည်သူများထံအရောက် ရေဖြန့်ဝေလှူဒါန်းပေးခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၊ ပရဟိတကျောင်းများတို့သို့ သောက်သုံးရေ ဖြည့်ပေးခြင်းတို့ကို နေ့စဉ် ဆောင်ရွက် ပေးနေကြောင်း တစ်ရက်လျှင် အသင်းပိုင် ရေသယ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ခေါက်ခန့် ရေဂါလံပေါင်း ၂၀၀၀၀ ဝန်းကျင်ခန့်အား လိုက်လံလှူဒါန်းပေးနေရကြောင်း သိရသည်။

သထုံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစတင်ကာ ရေတွင်းရေကန်များ ခန်းခြောက်ပြီး ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရာ မြို့ပေါ် ပရဟိတအသင်းအဖွဲ့များဖြစ်သည့် အဖြူရောင်နှလုံးသား လူမှုကူညီရေးအသင်း၊ အနှိုင်းမဲ့မေတ္တာအသင်း၊ အကြင်နာတွဲလက်အသင်း၊ သက်တံ့ရောင်စဉ် အသင်း၊ ရှင်သန်ခြင်းတွဲလက်အသင်း စသည့် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများကလည်း စဉ်ဆက်မပြတ် လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)