MNP - ဧပြီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက်၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယမန်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြ သည်။
ရှေးဦးစွာ ဗဟိုမဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့်ဗီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဇနီးနှင့် တာဝန်ရှိသူများက အတာရေများ ပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ကန်သာယာအနီး ကန်ပတ်လမ်းပေါ်ရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမဏ္ဍပ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ သယံဇာတရေး ရာဝန်ကြီးဌာန ရွှေပိတောက်မဏ္ဍပ်နှင့် စီးပွားရေးရာဝန်ကြီးဌာန ချင်းတွင်းမေမဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများကဆုများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ဗိုလ်ချုပ်လမ်းပေါ်ရှိ သယံဇာတရေးရာဝန်ကြီးဌာန ပိတောက်ရွှေဝါမဏ္ဍပ်နှင့် ကန်သာယာပြည်ထောင်စု ကျွန်းပေါ်ရှိ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အမှတ် ၁ နှင့် ၂ မဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအက လှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီးဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင် သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များက ဆုများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှု များကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
မြန်မာနေရှင်နယ်ပို့စ်







No comments:
Post a Comment