လူ့အခွင့်အရေးကို လုပ်ဇာတ်ခင်းသည့် အမေရိကန်အရာရှိများအား တရုတ်နိုင်ငံက အပြစ်ပေးသွားရန်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူ့အခွင့်အရေးကို လုပ်ဇာတ်ခင်းသည့် အမေရိကန်အရာရှိများအား တရုတ်နိုင်ငံက အပြစ်ပေးသွားရန်ရှိ


ပေကျင်း၊ ဧပြီ ၁ 

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးရပ်တည်ချက်အပေါ် လုပ်ဇာတ်ခင်းကာ မုသားဆိုသည့် ကျင့်ဝတ်နှင့်မညီသော အမေရိကန် အရာရှိများကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ဗီဇာ ပိတ်ပင်သွားရန်ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်းဝန်ပင်း က မတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။

“အမေရိကန်တို့က စံတင်လောက်တဲ့လိမ်လည်မှုတွေကို လုပ်ကြံပြောဆိုခဲ့တဲ့အပြင် တရုတ်နိုင်ငံက အရာရှိတွေကို ကန့်သတ်ချုပ်ချယ်ဖို့၊ တရုတ်နိုင်ငံကိုမဟုတ်မမှန် အပုတ်ချ ဝေဖန်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်ဖို့ သူတို့ကို အသုံးချခဲ့တာပါ၊အဲဒီလို စဉ်းလဲတဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေတွေ ၊ နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းတွေကို စိုးရိမ်ဖွယ် ချိုးဖောက်နေတာဖြစ်ပါတယ်၊ တရုတ်နိုင်ငံက ဒီလုပ်ရပ်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်၊တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးအပေါ် လုပ်ကြံလိမ်လည်ပြောဆိုမှုတွေလုပ်ဆောင်တဲ့အပြင် တရုတ်နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေဖြစ်အောင်တွန်းအားပေးပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုထိခိုက်စေတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ အမေရိကန်အရာရှိတွေကို တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ လုံခြုံရေးနဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ တရုတ် အရာရှိတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ နိုင်ငံခြား ပိတ်ဆို့မှုတားမြစ်ရေး ဥပဒေနဲ့အညီ ဗီဇာ ပိတ်ပင်သွားဖို့ တရုတ်နိုင်ငံကဆုံးဖြတ်လိုက်ပါတယ်” ဟုဆိုသည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)