မြဝတီခရိုင်တွင် စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) Onlineမှ ရိုက်ကူး ထုတ်လွှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီခရိုင်တွင် စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) Onlineမှ ရိုက်ကူး ထုတ်လွှင့်



MNP -  ဧပြီ    ၁

ပြည်သူလူထုအတွင်း နေ့စဉ်စားသုံးနေသည့် အစားအစာများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန် နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ်  စားသုံးသူများ၏  အခွင့်အရေး   အပြည့်အဝ ရရှိစေရန်တို့ အတွက် ကရင်ပြည်နယ်၊   မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမတွင် စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို Online  မှရိုက်ကူး ထုတ်လွှင့်ပေးသည်။

ဆွေးနွေးပွဲတွင် မြဝတီခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မာမာရီက ပြည်သူ့အကျိုးပြုဆွေးနွေးပွဲ (Talk  Show) ကျင်းပရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပေးပြီး  ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မိုးကိုက  စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရ သည့်ရည်ရွယ်ချက်၊ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် စားသုံးသူများ၏  အခွင့်အရေး အပြည့်အဝရရှိမှု၊ စားသုံးသူ အခွင့်အရေး(၈)ချက်၊ စားသုံးသူအခွင့်အရေး   ချိုးဖောက်ခံရပါက တိုင်ကြားနိုင်မည့်  ဖုန်းနံပါတ်များ၊ ဖြေရှင်းရမည့်   နည်းလမ်းများ၊ ကုန်အညွှန်း  အမှတ်အသားဆိုင်ရာနှင့် စပ်လျဉ်း၍ ဝယ်ယူသုံးစွဲသည့်ရာတွင် သက်ဆိုင်ရာဌာန၏  ထောက်ခံချက်များ၊  ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ ပါ/မပါ၊စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေပါအချက် အလက်များနှင့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့  အထိမ်းအမှတ်အကြောင်း   သိကောင်းစရာတို့ကို အသေးစိတ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇာဖြူဝင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)