ရုရှားနိုင်ငံမှ တပ်ဖွဲ့များပြောင်းရွှေ့ချထားကြောင်း ယူကရိန်းလုံခြုံရေးအကြီးအကဲဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံမှ တပ်ဖွဲ့များပြောင်းရွှေ့ချထားကြောင်း ယူကရိန်းလုံခြုံရေးအကြီးအကဲဆို

 


ကိဗ်၊ ဧပြီ ၁ 

ရုရှားနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ၊ ကိဗ်နှင့် ချာနီဟိဗ် လမ်းကြောင်းအသီးသီးမှ ယူကရိန်း အရှေ့ပိုင်း ဒေသများဆီသို့ ပြောင်းရွှေ့နေရာချထားကြောင်း ယူကရိန်းအမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Oleksiy Danilov က မတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးအကြီးအကဲ Oleksiy Danilov က ယူကရိန်း တပ်ဖွဲ့ဝင်များအပေါ် ရုရှား၏ အသစ်ထိုးစစ်ဆင်မှုသည် Lugansk နယ်မြေအရှေ့ပိုင်း၌ ဖြစ်ဖွယ်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ကိဗ်နှင့် ချာနီဟိဗ်အနီး စစ်ရေးလှုပ်ရှားမှုများကို သိသိသာသာ လျှော့ချသွားရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၉ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ သမ္မတ၏ လက်ထောက်လည်းဖြစ်၊ ရုရှားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ Vladimir Medinsky က  ယူကရိန်းနိုင်ငံ ဘက်က  ရုရှားနိုင်ငံနှင့် “ယခုနှစ်တွေထဲမှာပထမဆုံးအကြိမ်အဖြစ်” စေ့စပ် ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေခဲ့ကြောင်း မတ် ၃၀ ရက်ကဆိုသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် မတ် ၂၉ ရက်က ဆွေးနွေးညှိနှိုင်းမှုအပြီး ကိဗ် (ယူကရိန်းနိုင်ငံ) ဘက်မှ မော်စကို (ရုရှားနိုင်ငံ) သို့ အဆိုပြုချက်များ ကို ပေးအပ်ခဲ့ကြောင်းဆိုသည်။

အဆိုပြုချက်များတွင် ယူကရိန်းဘက်မှ NATO အဖွဲ့သို့ဝင်ရောက်ရေးနှင့် ပြည်ပ စစ်အခြေစိုက်စခန်းများနှင့် တပ်ဖွဲ့ဝင်များကို ၎င်း၏နယ်မြေပိုင်နက်တွင် တပ်ဖြန့်ထားရေးကို ငြင်းပယ်မှု၊ လက်ရှိ အခြေအနေအရ (ကြားနေနိုင်ငံ) အဖြစ် ၎င်းတို့၏ရပ်တည်ချက်ကို သတ်မှတ်ရန် အသင့်ရှိမှုနှင့် နျူကလီးယားလက်နက်များ နှင့်အခြားဖျက်အားပြင်းလက်နက်များအား လုံးဝ စွန့်လွှတ်ရန်ဆန္ဒရှိမှု စသည်တို့ပါရှိသည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)