MNP - ဧပြီ ၁
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မိမိတို့ပြည်နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ ကျောင်းသား များအားလုံးလာမည့် ဧပြီလကုန်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ပြည်နယ်တွင် မြို့ပြထက် ကျေးလက်နေ လူဦးရေ ပိုမိုများပြားသည့်အတွက် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲဒေသများတွင် နေထိုင်သည့် ပြည်သူများအားလုံး ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး နိုင်ရေးအတွက် လူဦးရေစာရင်းများ စနစ်တကျပြုစု၍ စီမံချက်ရေးဆွဲတင်ပြရန်နှင့် အောင်မြင်အောင် ဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါကြောင့် အသက်သေဆုံးမှု မရှိစေရေးအတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်၍ ဦးတည် အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံမှုအားနည်းသည့် ခရိုင်၊ မြို့နယ်များကို ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကျေးလက်ဒေသတွင် နေထိုင်သည့် မိဘပြည်သူများအားလုံး မည်သူတစ်ဦး တစ်ယောက်မှ မကျန်စေဘဲ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှု ကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် စတီဗင်လျန်ဟုပ်လိန်းက ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်မှု၊ ဟားခါးမြို့ ခရစ်ယာန်ဓမ္မတက္ကသိုလ်တွင် ရောက်ရှိသည့် တိုက်ပွဲ ရှောင် ပြည်သူများ ကာကွယ်ဆေးထိုးနှံပေးရေးနှင့် ကျေးရွာများတွင် ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်မှု၊ အသက် ၁၈ နှစ် အထက် ပြည်သူများ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံနိုင်မှု၊ ချင်းပြည်နယ်အတွက် ကိုဗစ်−၁၉ ကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေ၊ လာမည့် ဧပြီလကုန်အထိ ကာကွယ်ဆေးထိုးနှံရန် လျာထားမှုအခြေအနေများ၊ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဟားခါးခရစ်ယာန် တက္ကသိုလ်ရှိ တိုက်ပွဲရှောင်ပြည်သူများ ကာကွယ်ဆေးထိုးနှံ ပေးမည့်အခြေအနေ၊ မြို့နယ်အလိုက် မြို့ပြနှင့် ကျေးလက်လူဦးရေစာရင်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် ယင်ခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က လုံခြုံရေးဆိုင်ရာ အစီအမံများ၊ ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများအခြေအနေ၊ ဦးတည်အုပ်စုများအားလုံး ဧပြီလကုန်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးစီးနိုင်ရေးအတွက် အကြုံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဖလမ်းခရိုင်၊ မင်းတပ်ခရိုင်နှင့် မတူပီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကိုလည်း တယ်လီဖုန်းဖြင့် လိုအပ်သည်များ မှာကြား၍ နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment