နောင်ချိုမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

 



MNP - ဧပြီ   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့်အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ကြည်တိုးက စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက သက်ဆိုင်ရာကဏ္ဍများ အလိုက် ပူးပေါင်းဆောင်ရွက်မှု ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ် သာသနာရေးမှူးရုံးမှ မြို့နယ်သာသနာရေးမှူး ဦးအောင်မြင့်ဦးက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကို မေလ ၇ ရက်နေ့မှစ၍ တောင်ရပ်ကွက် မဏိရတနာဗိမာန်၌ စာဖြေ သံဃာ၊ သီလရှင် စုစုပေါင်း (၁၂၆)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်  ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ ကြသော စာအောင်သံဃာ၊သီလရှင်များ၏ စူဠဘွဲ့နှင်းသဘင်အား မေလ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)