စဉ့်ကူးမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို


MNP ၊ ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃) ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဖြေဆိုလျက်ရှိသည်။


ထိုသို့ ဖြေဆိုရာတွင် စဉ့်ကူးမြို့နယ်အတွင်းရှိစာစစ်ဌာန (၅)ခုအနက် စာစစ်ဌာန(၃ )ခုတွင် ဝိဇ္ဇာဘာသာတွဲ သမိုင်းဘာသာရပ်ကို ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅) ဦးရှိပြီး ပျက်ကွက်သူမရှိ(၁၀၀)ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို  ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)