တောင်ကြီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ(စတုတ္ထ)နေ့ ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ(စတုတ္ထ)နေ့ ဆက်လက်ဖြေဆို





MNP - ဧပြီ   ၄

၂၀၂၁ - ၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၃၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ပထမ)နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ စာစစ်ဌာနအသီးသီး၌  ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

တောင်ကြီးမြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၁၅)ခုရှိပြီး တောင်ကြီးမြို့စာစစ်ဌာန(၉)ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၉၄၆) ဦး၊ အေးသာယာမြို့စာစစ်ဌာန (၂) ခုမှ ကျောင်းသား၊ ကျောင်းသူ (၆၉၃) ဦး၊ ရွှေညောင်မြို့ စာစစ်ဌာန (၃) ခုမှ ကျောင်းသား၊ ကျောင်းသူ (၉၀၇) ဦး၊ ကျောက်တလုံးကြီးမြို့ စာစစ်ဌာနမှကျောင်းသား၊ ကျောင်းသူ (၁၇၁) ဦး၊ စုစုပေါင်း(၃၇၁၇)ဦးတို့ ဝင်ရောက်ဖြေဆိုရန် စာရေးပေးသွင်းထားပြီး ယနေ့တွင် (၃၅၄၆)ဦးဝင်ရောက်ဖြေဆိုကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စိုင်းသန်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)