မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများအား လွှတ်ငြိမ်းချမ်းသာခွင့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများအား လွှတ်ငြိမ်းချမ်းသာခွင့်ပေး

          

           

MNP - ဧပြီ   ၁၇

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မြန်မာ့နှစ်သစ်ကူးအခါသမရတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေထားသောအားဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်း အသီးသီးမှာ ပြစ်ဒဏ် ကျခံနေကြသည့် အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယနေ့နံနက်ပိုင်းက ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/ သူ(၁၅)ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်းသိရသည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်းနှင့်တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား/ သူများအား အကျဉ်းထောင်ဓမ္မာရုံတွင် ဆုံးမစကားပြောကြားပြီး အကျဉ်းထောင် တာဝန်ရှိသူများက ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကာ





အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြသည်။ လွှတ်ပေးခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား အမျိုးသား(၁၂)ဦးနှင့်အမျိုးသမီး(၃)ဦးဖြစ်ကြောင်းသတင်းရရှိသည်။

သတင်း - ကျော်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)