ကျိုက်လတ်မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကျင်းပ

 

MNP - ဧပြီ    ၁၇

၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယနေ့နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပူဇော်ခံကြွရောက်လာကြသည့် သက်ကြီးအဘိုးအဘွား (၃၀)ဦး အား ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား အခမ်းအနား တက်ရောက်လာသူများမှ လှူဒါန်းခဲ့ကြသည်။ ဘိုးဘွားများကိုယ်စား ဘိုးဘွားတစ်ဦးစီမှလည်း ကျေးဇူးတင်စကားပြောကြား၍ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သပေးခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ရီရီမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)