ကော့သောင်းမြို့၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ





MNP - ဧပြီ   ၁၇ 

ကော့သောင်းမြို့၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်း တစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ကော့သောင်းမြို့၊ မြို့မဆိပ်ကမ်းတံတား၌ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နံနက် (၇) နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့၊ စစ်ဗျူဟာအဖွဲ့(ကော့သောင်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်းနှင့်ဇနီး၊ ကော့သောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစီအစဉ်အရ တက်ရောက်လာကြသော ဧည့်သည်တော်များက ရေငံငါးများဖြစ်ကြသည့် ကျောက်ငါး၊ ကကတစ်ငါး၊ ကကပေါင်းငါး၊ ဇလားဗီးယား နှင့် ကဏန်း များကို အသီးသီး ဇီဝိတ     ဒါနအဖြစ်     ကုသိုလ်ယူ ပင်လယ်အတွင်းသို့ ဘေးမဲ့လွှတ်ချပေးကြသည်။

ဆက်လက်၍ နံနက် (၈) နာရီတွင် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ဒါနအဖြစ် သက်ကြီး ဘိုးဘွားများ ပူဇော်ကန့်တော့ပွဲကို ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ရာ  အခမ်းအနားသို့တက်ရောက်လာသည့် စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိဧည့်သည်တော်များနှင့် စေတနာရှင်အလှူရှင်များက သက်ကြီး ဘိုးဘွား(၁၃၆)ဦး အားအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းပေးအပ်ကြပြီး လက်အုပ်ချီမိုး  ကန့်တော့ကြသည်။

ထို့နောက် ဘိုးဘွားများ ကိုယ်စား သက်ကြီးအဘိုးတစ်ဦးမှ ပြုသမျှကုသိုလ်အဖို့ဘာဂအတွက်    ဆုတောင်းမေတ္တာပြန်လည်ပို့သပေးပြီး အခမ်းအနားအားရုတ်သိမ်းလိုက်သည်။ ဆက်လက်၍ (ကော့သောင်း)ကုတင် ၁၀၀ တပ်မတော်ဆေးရုံ၊ ဆေးတပ်ဖွဲ့များ၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဌာနမှ ဆေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စစ်ဆေးပြုစုစောင့်ရှောင်မှု ဒါနပြုခဲ့ကြပြီး မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မြို့ရွာဘေးဥပါဒ်အန္တရာယ် အပေါင်းကင်းဝေးစေရန်ဆရာတော် သံဃာတော်ကြီးများက မော်တော်ယဉ်ဖြင့် မြို့လုံးအနှံ့ အန္တရာယ်ကင်းဂါထာနှင့် ပရိတ်တရာတော်များ လိုက်လံရွတ်ဖတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း - ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)