MNP ၊ ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့်ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့်ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာရေကစားသင်္ကြန်မဏ္ဍပ်များတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့် တာဝန်ရှိသူများ က ပျော်ရွင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအားကြည်ရှု့အားပေးခဲ့ ကြောင်းသိရသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ကပြ သီဆိုဖျော်ဖြေနေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများနှင့် စတိတ်ရှိုး ကဏ္ဍများ ၏ ဧည့်ခံဖျော်ဖြေ နေမှုများကို ကြည်ရှု့အားပေး ပြီးဧည့်သည်တော်များနှင့်ယိမ်းအကအဖွဲ့များအားသပြေခက်ဖြင့် အတာရေဖျန်းပက်ပေး ကာ ယိမ်းအကအဖွဲ့များအားဂုဏ်ပြု ဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့သို့ ထားဝယ်မြို့ ၊ မြို့တော်ခန်းမရှေ့၊ဗဟိုမဏ္ဍပ် နှင့် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ဧည့်ခံဖျော်ဖြေနေမှုများနှင့်ရေကစားမဏ္ဍပ်များဖြင့် အေးချမ်းပျှော်ရွှင်စွာရေကစားလျက်ရှိရာ ဒေသအတွင်းမှလာရောက်ပါဝင်ဆင်နွှဲသူများကို အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ထိုနည်းတူစွာတနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်များတွင်လည်းမြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော် ကို အေးချမ်း ပျှော်ရွှင်စွာဖြင့် ဒေသအတွင်းမှပြည်သူများလာရောက်ပါဝင်ဆင်နွှဲလျက်ရှိပြီး ဗဟိုမဏ္ဍပ် နှင့် ရပ်ကွက်များရှိသင်္ကြန်မဏ္ဍပ်များတွင်သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှုများ အပြင်၊ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးမှုများနှင့်စည်းကားလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment