MNP ၊ ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော တန်ခူးလပြည့်နေ့ သင်္ကြန်အကြတ်ရက်တွင် ဘုန်းကြီးကျောင်းများ တွင်ဥပုသ်သီလဆောက်တည်သူများ၊ရပ်ကွက်ကျေးရွာများအတွင်း သင်္ကြန်ရက်ဒါန ကုသိုလ်ယူသူများဖြင့်လည်း နှစ်သစ်ကိုကြိုဆိုလျက်ရှိသည်။
ပေါက်ခေါင်းမြို့နယ် ရပ်ကွက်၊ကျေးရွာနေပြည်သူများအနေဖြင့် တန်ခူးလပြည့်နေ့ သင်္ကြန်အကြတ်ရက်တွင် ဘုန်းကြီးကျောင်းများတွင် ငါးပါးသီလခံယူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ဥပုလ်သီလ ဆောက်တည်ရန်လာကြသူများအား အလှူရှင်များမှ စတုဒိသာကျွေးမွေးခြင်း စသည့်ကုသိုလ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြသည်။
ပေါက်ခေါင်းမြို့ယ်တွင် သင်္ကြန်ကာလအတွင်း ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေပက်ကစားကြသူများရှိသလို နေ့လယ်ပိုင်းတွင် အလှူရှင်များက မုန့်လုံးရေပေါ်စတုဒီသာများကို စုပေါင်းပြုလုပ်ကာ အနီးပတ်ဝန်းကျင်ရှိနေအိမ်များနှင့်လမ်းသွားလမ်းလာပြည်သူများအားဝေငှပေး၍ ဒါနကုသိုလ်များပြုလုပ်သူများလည်းရှိ ကြောင်းသိရသည်။
သတင်း - သန်းထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment