ရသေ့တောင်မြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ဘုရား၊ ကျောင်းကန်များသို့ သွားရောက်ပြီးအေးချမ်းစွာ ဥပုဒ်သီလခံယူဆောက်တည်လျှက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် ဘုရား၊ ကျောင်းကန်များသို့ သွားရောက်ပြီးအေးချမ်းစွာ ဥပုဒ်သီလခံယူဆောက်တည်လျှက်ရှိ





MNP ၊ ဧပြီ ၁၅

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်ရ‌ သေ့တောင်မြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့တန်ခူလပြည့်‌ နေ့တွင်မြို့ပေါ် ရပ်ကွက်များ နှင့်ကျေး ရွာများ၌ ယနေ့ နံနက်ပိုင်းမှစ၍ ဘုရား၊ ကျောင်းကန်များသို့သွားရောက်ပြီး အေးချမ်း စွာဖြင့် ဥပုဒ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျှက်ရှိကြောင်း သိရသည်။ 

နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများသို့ လူလတ်ပိုင်းအရွယ်များ၊သက်ကြီးရွယ်အို အဘိုး/အဘွားများဘုရား ကျောင်းကန်များသို့သွားရောက်ပြီး သင်္ကြန်ကာလအခါသမယ၌ ဥပုဒ်သီလဆောက်တည်ခြင်း၊ တရား ထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေး ချမ်းသာစွာ ကောင်းမှု ကုသိုလ်ပွားများ အားထုတ်လျှက်ရှိကြောင်း သိရှိရသည်။ 


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)